The Mix By Su

https://themixbysu.com

(၂၀၁၇) ခုနှစ်၊ လုပ်ငန်းအတွက် ငွေအရင်းအနှီး ဒေါ်လာ (၅၀)၊ စတင်ရာနေရာမှာ မီးဖိုချောင်သေးသေးလေး၊ သဘာဝ Skincare များကိုရူးသွပ်သူ (၂၁) နှစ်အရွယ် ဥပဒေကျောင်းသူ မဆုဖုန်းမို။ ဒီလို တနိုင်တပိုင်အနေအထားမှ၊ စတင်ခဲ့သည့် The Mix by Su ခရီးစဉ်ဟာ၊ လက်ရှိ မြန်မာနိုင်ငံအနှံ့ လက်လီဆိုင်ပေါင်း ထောင်ချီ ဖြန့်ချိနိုင်သောအနေအထားတခုထိရောက်ရှိနေပြီဖြစ်ပါသည်။ သဘာဝကိုချစ်မြတ်နိုးသူတဦး၏ တီထွင်ဆန်းသစ်မှုများဖြစ်သည့်အလျောက်၊ အဓိကထုတ်ကုန်များမှာလည်း ရှားစောင်းလက်ပပ်၊ ကော်ဖီ၊ သံပုရာ၊ နနွင်း၊ ချင်း၊ ဝါးမီးသွေးမှုန့်၊ ဆန်၊ ကင်ပွန်းသီး စသည့်ပါဝင်ပစ္စည်းများကိုအခြေခံကာ၊ ခေါတ်မီစက်ကိရိယာများ၊ နိုင်ငံတကာ စံညွှန်းမီ ဖော်မြူလာများဖြင့် အကောင်းမွန်ဆုံးအာနိသင်ပေးစွမ်းနိုင်ရန် ဖန်တီးဖော်စပ်ထားခြင်းကြောင့်၊ မြန်မာပြည်သူလူထုအကြိုက်နှင့်လည်းကိုက်ညီလှပါသည်။ မြန်မာ့ပထမဆုံး ဦးရေပြားချေးချွတ်သန့်စင်အနှစ်၊ မြန်မာ့ပထမဆုံး Salicylic Acid Body Scrub စသည်ဖြင့် မှတ်ကျောက်တင်၊ ဆန်းသစ်ထုတ်လုပ်နိုင်ခဲ့ပြီး၊ စိတ်ပျို ကိုယ်နုစေရန် Personal Development Campaign များကိုပါ ကြီးကြပ်စီမံပေးနိုင်သော ဂုဏ်ယူဖွယ်ရာ ပြည်တွင်းထုတ်ကုန်လုပ်ငန်းတခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

There are no products in this section